လူမျိုးရေးရာ

“ကျနော်တို့မြင်တွေ့ရတဲ့အခြေအနေအတိုင်းတာအရတော့မှတ်သားစရာကောင်းပါတယ်၊၊”

"ကျနော်တို့မြင်တွေ့ရတဲ့အခြေအနေအတိုင်းတာအရတော့မှတ်သားစရာကောင်းပါတယ်၊၊'' https://youtu.be/iliSwc2ei8E

Read more

အာရက္ခဒေသ လူနည်းစုတွေရဲ့လူမှုဘ၀အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ

ခိုင်လင်းရေးပါတယ်။ မြို့နဲ့အလှမ်းဝေးပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ဒေသတွေမှာအများစုနေထိုင်ကြတဲ့ အာရက္ခဒေသမှ လူနည်းစုတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့ခွဲခြားဆက်ဆံမှုတွေ ခံခဲ့ကြရပြီး ဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေး အဘက်ဘက်မှာ များစွာနောက်ကျကျန်နေခဲ့ကြပါတယ်။ ဖွံဖြိုးမှုအနိမ့်ကျဆုံးသောအာရက္ခပြည်ထဲမှာမှလူနည်းစုတွေဟာ ပိုပြီးတော့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့အခြေအနေမှာရှိနေခဲ့တာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် ကုန်စည်၊ဆေးဝါး၊ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ ခုအချိန်မှာတော့နဂိုကတည်းက အလှမ်းဝေးနောက်ကျနေခဲ့တဲ့မျိုးနွယ်စုဝင်မိသားစုတွေရဲ့လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးအခြေအတွေဟာ ပိုမိုဆိုးဝါးလာခဲ့ကြရပြီး အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ ဆိုကြပါတယ်။...

Read more

လူမျိုးစုများရပ်ရွာကိုယ်ပိုင်အုပ်ချုပ် ရေးနှင့်မူဝါဒလေဟာနယ်

မောင်တူရေးသည်။ အုပ်ချုပ်ရေးအားအကောင်အထည် ဖော်ရာတွင် လူမျိုးစုငယ်များ၊ စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။ ULA/AA ၏ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့်အာရက္ခပြည်သူ့အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားပေသည်။ ULA/AA...

Read more

အာရက္ခပြည်သူအဓိပ္ပါယ်နှင့်နိုင်ငံသားအခြေပြုအမျိုးသားရေးအယူအဆ

မောင်တူရေးသည်။ ယေဘူယျအမျိုးသားရေးအယူအဆနှစ်ခု အမျိုးသားရေးအယူအဆတွင် လူမျိုးအခြေပြုအမျိုးသားရေး(Ethnic Nati onalism)နှင့်နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)ဟူ၍ အယူအဆနှစ်မျိုးရှိပေသည်။လူမျိုးအ ခြေပြုအမျိုးသားရေး(Ethinc Nationalism)သည် လူမျိုးတခုကို အခြေပြု၍တည်ဆောက်ထားခြင်းဖြစ်ပေသည်။နိုင်ငံသားအခြေပြုအမျိုးသားရေး(Civic Nationalism)သည်လူမျိုးတခုကိုအခြေမပြုဘဲ နိုင်ငံသားဖြစ်မှုကို အခြေပြုထားခြင်းဖြစ်ပေသည်။ အမျိုးသားရေးအယူအဆနှစ်ခု၏ကွဲပြားမှု လူမျိုးအခြေပြုအမျိုးသားရေး(Ethinc Nationalism)အယူအဆသည်လူမျိုး တမျိုးကိုအခြေပြုထားခြင်းဖြစ်ပေသည်။နိုင်ငံအခြေပြုအမျိုးသားရေး(Civic Nationalism)အယူအဆတွင်...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ အကူအညီတွေ လို​အပ်နေ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မောင်တောမြို့ကဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး ​အကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။ သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။

Read more

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်မယ်လို့ မြိုလူမျိုးတွေဆန္ဒဖော်ထုတ်

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်ကြမယ်ဆိုပြီး မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဌာနေတိုင်းရင်းသားလူနည်းစုမြိုလူမျိုးတွေကို အာရက္ခတပ်တော်(AA)က အတင်းအဓမ္မစ စ်မှုထမ်းဖို့ခေါ်ဆောင်ခဲ့ကြရာမှာအမျိုး သမီးတွေလည်း ပါဝင်ခဲ့ကြတယ်လို့ မြိုလူမျိုးတွေက ပြောဆိုထားကြပါတယ်။ အာရက္ခတပ်တော်ကတော ရပ်ရွာကာ...

Read more

နှစ်နိုင်ငံနယ်စပ်အနီးက လျှပ်စစ်မီးမရှိတဲ့ရွာကလေး

အာရက္ခ-ဘင်္ဂလာနယ်စပ်၊နှစ်နိုင်ငံနယ်စပ်အနီးမှာ ချက္ကမာလူမျိုးတွေနဲ့ ဘဂ်လားဒေ့ရှ်နိုင်ငံက မူဆလင်လူမျိုးတွေ အတူနေထိုင်နေကြတဲ့ရွာဖြစ်ပါတယ်။ အဲဒီကျေးရွာဟာ လျှပ်စစ်မီး၊ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေမရှိတဲ့ နှစ်နိုင်ငံနယ်စပ်အနီးက တောရွာလေးဖြစ်ပါတယ်။ သူတို့တွေဟာ စားဝတ်နေရေးအတွက်လယ်ယာအလုပ်၊ပြောင်းဖူးစိုက်ခင်း၊ကွမ်းခင်း၊နွေစပါး၊မိုးစပါး၊စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီကျေးရွာက အမျိုးသမီးတွေဟာ ချည်ထိုးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးတချို့က တောတောင်တွေက ထင်းခုတ်ပြီးတော့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေဖြစ်ပါတယ်။ အဲဒီကျေးရွာမှ ကလေးတွေဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ကျောင်းစာမသင်နိုင်ကြသလို ငွေကြေးအခက်အခဲတွေကြောင့်လည်း...

Read more
Page 2 of 2 1 2

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here